The Present

The Present from Jacob Frey on Vimeo

“The Present လက်ဆောင်” ဆိုပြီး ခေါင်းစဉ် တပ်ထားတဲ့ Short Animation လေးဟာ ဆုပေါင်း (၅၀) ကျော် ဆွတ်ခူးပြီး ဖန်တီးသူ ကိုယ်တိုင် အများ ကြည့်ရှုခံစားနိုင်ရန် အလို့ ငှါ မျှဝေပေးထားပါတယ်။

“The Present” လက်ဆောင် ဇာတ်လမ်း ကို Fabio Coala ကာတွန်းဆရာ ၏ ကာတွန်းဇာတ်အိမ် မှ ရယူထားခြင်း ဖြစ်ပါသည်။

“The Present” is a graduation short from the Institute of Animation, Visual Effects and Digital Postproduction at the Filmakademie Baden-Wuerttemberg in Ludwigsburg, Germany.
ဂျာမနီ က နာမည်ကြီး Animation ကျောင်း ဆီမှ ဘွဲ့ ရစေခဲ့တဲ့ Short Animation တစ်ခု လည်း ဖြစ်ပါသည်။

“The Present” ပိုစတာ ကို ဖန်တီးသူ Jacob Frey နှင့်အတူ တွေ့ရစဉ်

Artist Website – Jacob Frey
Facebook Page – The Present
IMDB – The Present (2014)

This one got me = ဒီ ကားပိုင်းတိုလေး က ငါ ရင်ကို ထိစေတယ်။

အားနည်းချက် ရှိတဲ့သူတွေဟာ ကိုယ့်အားနည်းချက် အကြောင်းပဲ တွေးမိနေရင်း အားငယ်တတ်ကြတယ်။

လက်ဆောင် ဇာတ်လေး ထဲမှာ ခွေးလေးဟာ ခြေတဖက် မရှိသော်ငြားလည်း ရုန်းကန် ကြိုးစား တတ်တဲ့ ပုံစံတွေ ကြောင့် ကောင်လေး စိတ်အပြောင်းအလဲ ဖြစ်သွားတာ မြင်ရမှာပါ။

ဘဝတူချည်း အားပေးတာ က အရာ ပိုရောက်ပါတယ်။ ဒါကြောင့်လည်း Support Group တွေမှာ ဘဝတူ အချင်းချင်းမှာ အတွေ့အကြုံ ရှိတဲ့ Senior တွေက အခုမှ ရောက်လာတဲ့ Junior တွေကို အားမငယ်အောင် သူတို့ရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းခဲ့ရတဲ့ ဘဝနေပုံစံ၊ ဆောင်ရန် ရှောင်ရန်တွေ …

ဥပမာ – အသံအိုး ခွဲထုတ်ထားပြီး စကားမပြောနိုင်တော့တဲ့ Laryngectomy Support Group တွေမှာ Electrolarynx လျှပ်စစ်စကားပြောစက် နဲ့ ကြွက်သားထောက် စကားပြောရင် ပြော။ ပိုက်ဆံ မတတ်နိုင်ရင် ဗိုက်ထဲက လေခပ်ထုတ်ပြီး အသံထွက် စကားပြောရင် ပြော။