IMDB မှာ Rating အမြင့်ဆုံး ထဲက ကား ဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကား …
ဖြစ်ရပ်မှန် ဇာတ်ကား မဟုတ်ဘဲ Stephen King ရဲ့ Rita Hayworth and Shawshank Redemption ဝတ္ထု ကို ဇာတ်ကား အဖြစ် ရိုက်ကူးထားတာ …
Andy Dufresne (Tim Robbins) က ဘဏ်ကြီး တခု မှာ ဒု ဥက္ကဋ္ဌ ရာထူး လုပ်ကိုင်နေတဲ့ သူ … သူ့ မိန်းမ နှင့် ဖောက်ပြန်သူ ယောကျ်ား ၂ ယောက် သေဆုံးမှာ သူနဲ့ မဆိုင် အပြစ်ကင်း/မရှိ ပေမယ့်လည်း တရားသူကြီး က သူသတ်တယ်လို့ ဆုံးဖြတ်လို့ ထောင်ဒဏ် တသက်တကျွန်း ၂ခါ ကျခံပြီး Shawshank ထောင် ရောက်လာသူ …
Red (Morgan Freeman) ထောင်တွင်းမှာ မှောင်ခို ရောင်းဝယ် ဖောက်ကား ဖြန့်ဖြူးသူ … Andy က သူ အပြစ်ကင်းတယ် ပြောတော့ Red က မယုံဘူး … ဒီကလူတွေ အားလုံး အပြစ်ကင်းတယ် ထင်နေကြတဲ့သူတွေချည်း လို့ ပြန်ပက်တယ် …
Andy က ထောင်မှူး နှင့် ထောင်အရာရှိတွေ ကို ငွေကြေးစီမံခန့်ခွဲမှု ပိုင်း မှာ ကူညီပေးပြီး အနေအစား ချောင်လာတယ် … ထောင်သား ယောကျ်ား မုဒိန်းကျင့်တာ ခံရတယ် … အဲ့ ထောင်သား ကို ထောင်အရာရှိ က ကောင်းကောင်း ပညာ ပြန်ပေးလိုက်တယ် …
ထောင်သား အသစ် ကနေ ကြားလာတဲ့ စကား ကြောင့် ထောင်ကနေ လွတ်ဖို့ မျှော်လင့်ချက် ရခဲ့တယ် … ဒါပေမယ့်လည်း ထောင်မှူး က သူ့ ငွေမဲတွေ ငွေဖြူ လုပ်ပေးနိုင်တဲ့ မရှိတော့မှာ နဲ့ သူ့ အကြောင်း ကို ဖော်မှာ … ထောင်သားသစ် ကို ရှင်းပလိုက်တယ် …
ထောင်ဖောက် သွားမှ သိလိုက်တာ က Red ဆီက ရတဲ့ တူတစ်လက် နဲ့ ပဲ တရက် နည်းနည်းဖောက်လွတ်သွားတာ …
အပြင်ရောက်တော့ ထောင်မှူး အတွက် လုပ်ပေးထားတဲ့ အပြင်လောကမှာ မရှိတဲ့ လူနာမည် ကို လက်မှတ်ထိုး ငွေထုတ် သွားလေရဲ့ …
Red ကိုတော့ အချိန်းအချက် လုပ်သွားသေးတော့ … ပြန်လည် ဆုံတွေ့ ကြတာပေါ့ …
10 Quotes
Get Busy Living, or
Get Busy Dying

Message

Hope မျှော်လင့်ချက် ရှိတာ ကောင်းပါတယ်။
အဲ့အတွက်ပဲ Go Busy Living အသက်ရှင်ဖို့ နေထိုင် လုပ်ကိုင် လှုပ်ရှား ကြရတယ်။
တနေ့ နည်းနည်း နဲ့ ရက်ပေါင်း များစွာ က မဖြစ်နိုင်တဲ့ အလုပ်တွေ လုပ်နိုင်တယ် ဆိုတာ Compound Effect ပဲ။
တယောက်တည်း လုပ်လို့ ရတဲ့ ကိစ္စ မှာ မပြီးခင် ဘယ်သူမှ မပြောတာ အကောင်းဆုံးပဲ။ အဖွဲ့လိုက် လုပ်တယ် ဆိုတော့ တတ်နိုင်သလောက်တော့ မပြန့်စေနဲ့ပေါ့။
ကိုယ့် သိတဲ့ တတ်တဲ့ ပညာ ကို အသုံးချနိုင်ရင် ပညာရှင် အဖြစ် အသိအမှတ် ပြုခံရတာပဲ။
ကိုယ်ပေါ်/အခြားသူအပေါ် မကောင်းတဲ့ သူ ကို Lesson ပညာ ပေး ရမှာပဲ။