Napoleon Hill – Think & Grow Rich
Napoleon Hill ရဲ့ Think & Grow Rich ကလည်း ယခုထိထက်တိုင် ရောင်းချနေရဆဲ … လူအများ ညွှန်းဆို ရတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
ဒီ စာအုပ် ကို အခြေခံပြီး ဘာသာပြန်ဆိုတဲ့ ဆရာကြီး ရွှေဥဒေါင်း ကလည်း ဗုဒ္ဓဘာသာ တရားသဘော ပါဌိတွေကို အလျဉ်းသင့်သလို ယှဉ်တွဲရေးသား ဖော်ပြထားတာကို ဖတ်ရမှာပါ။
အင်္ဂလိပ်စာအုပ် က ၁၃ ချက် ကို ဆရာကြီး က ၁၀ ချက် သာ ဘာသာပြန် ရေးသား ပြန်ဆိုထားပါတယ်။ ဘာလို့ နောက်ဆုံး အချက် ၃ ချက် ကို ချန်ထားရသလဲ ဆိုတာကတော့ … စဉ်းစားစရာပါ။
အောင်မြင်ခြင်း ၏ အခြေခံ ဖြစ်သော တရား /
ကြီးပွားရေး အတွက် ခြေလှမ်းများ
Sr. | အကြံဉာဏ်ဖြင့် ကြီးပွားရေး | Think & Grow Rich (EN) |
---|---|---|
၁ | ဆန္ဒိဒ္ဓိပါဒ် – ပြင်းစွာသော ဆန္ဒ ရှိခြင်း | Desire |
၂ | ယုံကြည်ခြင်း | Faith |
၃ | အဖန် တလဲလဲ ပွားများခြင်း | Auto Suggestion |
၄ | ပညာရပ် တခု ကောင်း တတ်မြောက်ခြင်း | Specialized Knowledge |
၅ | စိတ်ကူးဉာဏ် | Imagination |
၆ | ကွက်စိပ်ရိုက်၍ အကြံထုတ်ခြင်း | Organized Planning |
၇ | ဆုံးဖြတ်ခြင်း | Decision |
၈ | ဇွဲကောင်းခြင်း | Persistence |
၉ | ဗိုလ်တစု ၏ တန်ခိုးအင်အား | Master Mind |
၁၀ | လိင်စိတ်ဓာတ်ကို အသုံးချခြင်း | The Mystery of Sex Transmutation |
၁၁ | မသိစိတ် | The Subconscious Mind |
၁၂ | ဦးနှောက် | The Brain |
၁၃ | ခြောက်ပါးမြောက် အာရုံ | The Six Sense |