80% သော ကူးစက်ရောဂါ တွေဟာ ကျွန်တော်တို့ လက်တွေ မှတဆင့် ပြန့်ပွားကြပါတယ်။
အဲ့ဒါကြောင့် လက်ဆေးဖို့ ဆိုတာ အလွန်အရေးကြီး လှပါတယ်။
ရောဂါကင်းစင်ဖို့ နှင့် သန့်ရှင်းစင်ကြယ်ဖို့ အတွက် လက်ဆေးပြီး ဘယ်လို ပုံစံမျိုး လက်ခြောက်အောင် လုပ်ရင် အကောင်းဆုံး ဖြစ်ပါသလဲ ?
(၁) ရိုးရိုး အိမ်သာသုံး စက္ကူ အသုံးပြုခြင်း လား။ (ဒါမှမဟုတ်)
(၂) လေ အခြောက်ခံစက် အသုံးပြုခြင်းလား။
ဒါကလည်း လက်ဆေးဖို့ အရေးကြီးသလောက် အရေးကြီးပါတယ်။
ဘာလို့လည်း ဆိုတော့ လက်စို ကို ဘောင်းဘီဖြင့် ကပ်သုတ်ခြင်း၊ လက်စို ဖြင့် တံခါးကို ပိတ်ဖွင့်ခြင်း သည် ပိုးမွှားကူးဆက်ဖို့ လွယ်ကူစေပါသည်။
စစ်တမ်းအရတော့ စက္ကူ အသုံးပြုခြင်း က တစ်ဖတ်သက် အနိုင်ရသွားပါတယ်။
အဓိက ကတော့ အချိန်ပေးမှု အပိုင်းမှာပေါ့။
လုံးဝ ခြောက်သွားအောင် အခြောက်ခံစက်က ၄၅ စက္ကန့် လိုအပ်ချိန် မှာ စက္ကူ သုံးပါက ၁၀ စက္ကန့်မျှသာ အချိန်ပေးဖို့ လိုအပ်ပါသည်။
လူတွေရဲ့ စိတ်နေသဘော အနေအထား အရ ထိုမျှလောက် အချိန် မပေးကြချေ။
အခြောက်ခံစက် သည် စက်အမျိုးအစားပေါ် မူတည်ပြီး တစ်ရှူးစက္ကူ အသုံးပြုခြင်းကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေပေ။
တစ်ရှူးစက္ကူ အသုံးပြုများလေလေ၊
သစ်ပင်ကနေ ထုတ်ယူသုံးစွဲရလေလေ၊
သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်လေလေ ပါပဲ။
တစ်ရှူးစက္ကူ အသုံးပြုခဲ့ရင်တောင်မှ နည်းနည်း ဖြင့် မြန်မြန် ထိထိရောက်ရောက် လက်သုတ်ပုံ ကို အတုယူဖွယ် ပြသသွားသည်။
(၁) လက် ကို ဆပ်ပြာ နဲ့ ဆေးပါ။
(၂) ရေစိုနေသောလက် ကို (၁၂) ခါလောက် ရေခါပါ။
(၃) တစ်ရှူးစက္ကူ အပိုင်းအစ နည်းနည်းကို ဖြဲပြီး ထက်ဝက်ချိုးခေါက်ပါ။
(၄) ရေခါပြီး ရေစိုနေသောလက် ကို ထက်ဝက်ချိုးတစ်ရှူးစက္ကူ ဖြင့် သုတ်ပါ။