စာအုပ်တွေ ရဲ့ ရှေ့ဆုံး စာမျက်နှာတွေ မှာတော့ စာရေးဆရာ က ကျေးဇူးတင်လွှာ ပုံစံမျိုးနဲ့ ရေးတာ တွေ့ဖူးကြမှာပါ။
မိန်းမ ဖေးမ ကူညီမှု ကြောင့် ဒီ စာအုပ် ထွက်လာတယ် ဆိုပြီး ကျေးဇူးစကား ဆိုကြတယ်။
ဒါပေမယ့် အောက်ပါ ပုံ ကတော့ အခြား ကျေးဇူးတင်လွှာ နဲ့ မတူဘဲ ထူးခြားနေပါတယ်။

သို့ /
ကျနော့်မိန်းမ Marganit နှင့်
ကျနော့်သားသမီး Ella Rose & Daniel Adam
သူတို့ မရှိရင် ဒီစာအုပ် ကို ၂ နှစ်လောက် စော ပြီး ထုတ်ဝေပြီး နေပါလိမ့်မယ်။
သူတို့ ရှိနေလို့ / ရှုပ်နေလို့ … အချိန် ပိုကြာသွားတယ် ဆိုတဲ့ သဘော …
အိမ်သူသက်ထား ဇနီး နဲ့ သူ့ကလေး နှစ်ယောက်သာ မရှိရင် စာအုပ် ထွက်တာ နှစ်နှစ်စောပြီးမယ် ဆိုပြီး ညည်းသွားရှာပါတယ်။