The best time to plant a tree was 20 years ago.
Chinese Proverb တရုတ်စကားပုံ
The second best time is now.
種一棵樹最好的時間是十年前,
而後是現在
သစ်ပင်စိုက်ဖို့ အကောင်းဆုံး အချိန် က လွန်ခဲ့တဲ့ နှစ် ၂၀ ပါ။
နောက်ထပ် အကောင်းဆုံး အချိန် က လက်ရှိ အချိန် ပါ။
အရင်ကတည်းက စိုက်ခဲ့ (လုပ်ခဲ့)ရင် အခု အသီးအပွင့် (ရလဒ်) ခံစားနေရပြီ။ မစိုက်ခဲ့ (မလုပ်ခဲ့) တော့ မဖြစ်လာ။ ဒါပေမယ့် နောင်တရ အားငယ်နေမယ့်အစား နောက်ထပ် အကောင်းဆုံး အချိန် က လက်ရှိ အချိန် ပါ။ ဒါကြောင့် အခု ပဲ စစိုက် (စလုပ်) လိုက်ပါ။
မှတ်ချက် ။ ။ တရုတ်စကားပုံ လို့သာ ပြောတယ်။ ရည်ညွှန်းချက် မရှိဘူး။ မဟုတ်ဖို့ များတယ်။
前人栽树,后人乘凉
Chinese Proverb တရုတ်စကားပုံ
ရှေ့လူ အပင်စိုက်တော့ နောက်လူ အရိပ်ရ
ကိုယ် လက်ရှိ ခံစားနေတဲ့ အဆင်ပြေမှုတွေဟာ တချိန်က ရှေးလူတွေ လုပ်ထားပေးလို့ ဖြစ်တယ်။ အဲ့တော့ ရှေးလူ ကျေးဇူး သိဖို့ လိုအပ်တယ်။
တချို့လူတွေဟာ ကို လုပ်လို့ အသီးအပွင့် ကိုယ်တိုင် မခံစားရဘူး ဆိုရင်တောင် နောက်လူတွေ အတွက် စေတနာပါပါ လုပ်ပေးတဲ့သူတွေ ရှိတယ်။ ကိုယ်တွေလည်း အဲ့လို လူမျိုးတွေ ထဲ ပါအောင် ကြိုးစားရမယ်။
十年树木,百年树人
Chinese Proverb တရုတ်စကားပုံ
အပင် ကို သစ်ပင် ဖြစ်အောင် ပျိုးထောင်တာ ဆယ်စုနှစ် လိုတယ်။
လူ၊ ပညာရေး ပျိုးထောင်ဖို့ ရာစုနှစ် လိုတယ်။
အပင် ပျိုးထောင်ရတာလည်း အချိန် လိုပါတယ်။ လူ၊ ပညာရေး၊ စနစ် တခုခု ကို ပျိုးထောင်ဖို့ က ပိုပြီး အချိန် လိုပါတယ်။ ပညာရေး ကောင်းချင်ရင် ပညာရေးသင်ရိုးတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ရေးဆွဲရမယ့် အပြင် ဆရာတွေကို အရင်သေချာရွေး လေ့ကျင့် ပျိုးထောင်ရမှာပါ။ နောက်မှ အဲ့သင်ရိုး ကို လေ့ကျင့်ပေးထားတဲ့ဆရာ က နောင်လာနောက်သား ကျောင်းသား ကျောင်းသူတွေ ကောင်းကောင်း တတ်မြောက်အောင် သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။