မိန်းမတွေ အတွက် လက်ဝတ်ရတနာ နဲ့ လက်ဆွဲအိတ် တပ်မက်သလို ယောကျ်ားတွေ အတွက် ကတော့ လက်ပတ်နာရီ နဲ့ ကား/ဆိုင်ကယ်တွေ တပ်မက်တယ်။
ကျနော် ကတော့ ကားကောင်းကောင်း ကွန်ပျူတာကောင်းကောင်း ကိုပဲ ပိုတပ်မက်တယ်။ လက်ပတ်နာရီ ရိုးရိုးတောင် တပ်မနေချင်။ နာရီ ကြည့်ချင်ရင် ဖုန်းကနေ ကြည့်လို့ရနေတော့ Luxury အဖိုးတန် ဟန်ပြ ဖက်ရှင် တခု အနေလို့ပဲ သတ်မှတ်တယ်။ ပိုက်ဆံ အပို ရှိပြီး လိုချင် ဝယ်ချင်လား ဆိုရင်တော့ Matte Black အမဲအမှိန် ကိုမှ ရိုးရိုးရှင်းရှင်းလေး တခုတော့ ရှိချင်တယ်။ နာရီ ဝယ်ရင် သိသင့်တာတွေတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။