Who Moved my Cheese

Dr. Spencer Johnson ရေးတဲ့ Who Moved my Cheese ? က ပေါက်တဲ့ စာအုပ် တအုပ်ပါ။ အဓိက ရေးထားတာက “Change အပြောင်းအလဲ” ကို ရေးသားထားတာပါ။ Cheese ဒိန်ခဲ တွေက Metaphor တခုပါ။ ဆိုလိုတာက ကိုယ်စားပြု ဥပမာ တခုခု ပေါ့။ Maze ဝင်္ကပါ ကလည်း ဒိန်ခဲ နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင် ကို ဆိုလိုပါတယ်။ အကောင် ၄ ကောင် ကလည်း စရိုက် ၄ မျိုး ကို ကိုယ်စားပြုပါတယ်။ ငါကကော ဘယ်လို လူမျိုးလဲ ? အပြောင်းအလဲ ဖြစ်ရင် ငါကကော ဘယ်လို တုန့်ပြန်တတ်သလဲ ? စသဖြင့် မေးခွန်းများစွာ မေးမိသွားပါတယ်။

Dr. ဖြိုးပိုင် – စိတ်ညစ်နေလား ?

Dr. ဖြိုးပိုင် ရဲ့ ဗီဒီယိုထဲက Animation လေးပါ။

သင်ခန်းစာ (၇) ခု

Change Happens

ဒိန်ခဲ က နေရာ ပြောင်းနေတယ်။

အပြောင်းအလဲ ဆိုတာ ဖြစ်ပျက်နေတယ်။ ဘယ်အချိန် ပြောင်းမလဲ ပဲ သေသေချာချာ မသိနိုင်တာ။ ပြောင်းလဲ မှာကတော့ သေချာတယ်။

Anticipate Change

ဒိန်ခဲ ပြောင်းမှာကို အသင့်ပြင်ထားရမယ်။

အပြောင်းအလဲ ဖြစ်မှာကို မျှော်မှန်းထားရမယ်။ စိတ် အသင့်ပြင်ထားရမယ်။ ဒါမှ အပြောင်းအလဲ ကို လက်ခံနိုင်မှာ။

Monitor Change

ဒိန်ခဲ ကို ကောင်း မကောင်း မကြာခဏ ရှူကြည့်နေရမယ်။

ပတ်ဝန်းကျင် နှင့် အခြေအနေ ကို မကြာခဏ လေ့လာ ဆန်းစစ် နေရမယ်။ ဒါမှလည်း အပြောင်းအလဲ ကို ခန့်မှန်းနိုင်မှာ။

Adapt to Change Quickly

ဒိန်ခဲဟောင်းတွေ မြန်မြန် စွန့်ခွါနိုင်လေ၊ ဒိန်ခဲသစ်တွေ မြန်မြန် ရရှိခံစားနိုင်လေ။

အခြေအနေ ပြောင်းလဲ သွားရင် မြန်မြန် အပြောင်းအလဲ လုပ်၊ အသစ် အခြေအနေတွေ ဖန်တီးရမယ်။ အဟောင်း အခြေအနေ ကိုပဲ ပြန်တမ်းတ တောင်းတနေလို့ အခြေအနေတွေက အရင်အတိုင်း ပြန်ဖြစ်မလာဘူး။

Change

ဒိန်ခဲ အတူ လိုက်ပြောင်းပါ။

အကောင်းဆုံး ကတော့ ကိုယ်တိုင် က အပြောင်းအလဲ ကို ဦးဆောင်ပြီး အတူတူ ရွေ့သွားတာပဲ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ဘက်ကို ရွေ့သွားနိုင်သည့် အပြင် အပြောင်းအလဲ ကိုလည်း ကိုယ်နဲ့ အတူ တွဲမြင်သွားကြမယ်။

Enjoy Change

စွန့်စားမှု ကို မြည်းစမ်းလိုက်ပါ။ ဒိန်ခဲသစ် ရဲ့ အရသာသစ် ကို ခံစားကြည့်ပါ။

အပြောင်းအလဲ လုပ်ရတဲ့ လုပ်ငန်းစဉ် ဒါမှမဟုတ် ခရီးလမ်းကြောင်း က လွယ်ကူချင်မှ လွယ်ကူလိမ့်မယ်။ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။ အရေးကြီးတာက လျှောက်လမ်းတဲ့ ခြေလှမ်းတိုင်း ဆီကနေ အတွေ့အကြုံကောင်းတွေ အခွင့်အလမ်းအသစ်တွေ ခံစားချက်အသစ်တွေ ရယူနေရမယ်။

Be Ready to Change Quickly & Enjoy it Again & Again

သူတို့ (သဘာဝတရားကြီး) ကတော့ ဒိန်ခဲ ကို ရွေ့နေမှာပဲ။

အပြောင်းအလဲ ကို မြန်မြန် တုန့်ပြန့်နိုင်အောင် အသင့် ပြင်ထားပါ။ ဘဝ ဖြတ်သန်းတာကို Enjoy စိတ်ပါလက်ပါ ရှိနေရပါမယ်။