ပီယဆေး

သိပ္ပံနည်းကျ ပီယဆေးဖော်မယ်။

Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်ကို လက်တွေ့ အသုံးချရန်၊ လိုရင်းတိုရှင်း အဆီထုတ်လိုက်ပါသည်။

Dale Carnegie တင်ပြသည့် အဓိက အချက်များမှာ−

  1. ပြုံးပါ
  2. တစ်ပါးသူကိုဘယ်တော့ မှမဝေဖန်ပါနဲ့
  3. မကြာခဏ အသိအမှတ်ပြုပါ
  4. ကိုယ့်ကို စိတ်ဝင်စားစေလိုလျှင် သူ့ကိုစိတ်ဝင်စားပါ
  5. သူ့အတွက် အရေးပါသော အကြောင်းကို စကားလုပ်ပြောပါ
  6. အမည်ကိုခေါ်ပြီး နှုတ်ဆက်ပါ
  7. လုံးဝ မငြင်းခုန်မိပါစေနဲ့
  8. သူမှားတယ်လို့ ဘယ်တော့မှ မပြောပါနဲ့
  9. ကိုယ်မှားရင် ချက်ချင်း ရှင်းရှင်းပြတ်ပြတ် ဝန်ခံပါ
  10. ကိုယ့်စကားတိုင်းကို အင်း လိုက်ပါစေ

ပီယဆေးနည်းလင်္ကာ

ဖတ်မိသည်ထက် မှတ်မိဖို့ခက်လေရာ၊ အောက်ပါ လင်္ကာလေး နှင့် မှတ်လေ။

ဝေဖန်မဲ့၊ပြုံး၊ မည်ခေါ်သုံးပြီး
စိတ်ပါဝင်စား၊ ရေးစကားဆို
တင်ပိုကျေးဇူး၊ ငြင်းခုံဘူး
မှားပုံမဆို၊ ဝန်ခံလိုမှ
အင်းလိုက်ကြ၊ လူတိုင်းကြိုက်မှာပ။

ခက်ဆစ်

ဝေဖန်မဲ့ − မဝေဖန်ရန်
ပြုံး − ပြုံးရန်
မည်ခေါ်သုံး − အမည်ခေါ်ဆို နှုတ်ဆက်ရန်
စိတ်ပါဝင်စား − သူ့အကြောင်းကို စိတ်ဝင်စားရန်
ရေးစကားဆို − သူ့အတွက် အရေးပါသော ကိစ္စကို စကားလုပ်ဆိုရန်
တင်ပိုကျေးဇူး − အသိအမှတ်ပြုရန်
ငြင်းခုံဘူး − မငြင်းခုန်ရန်
မှာပုံမဆို − မှားတယ်ဟု အပြစ်မဆိုရန်
ဝန်ခံလိုမှ − မိမိအမှားကို ဝန်ခံရန်
အင်းလိုက်ကြ − သဘောတူသော အကြောင်းအရာများကို အရင်ပြောဆိုပြီး “အင်း”လိုက်စေရန်