1. Work Hard
Dr. ဖြိုးပိုင်
2. Work Differently
3. Work Less or Work Smart
4. Let Others Work for You
Work Hard
စလုပ်လုပ်ချင်း အလုပ်သဘောတရား သိအောင် အလုပ် ကြိုးစားလုပ် Work Hard ရပါတယ်။ ပိုးဆိုးပက်စက် လုပ်ရပါမယ်။ ဒီအဆင့်မှာ အလုပ် ဖြစ်တဲ့နည်း၊ မဖြစ်တဲ့နည်းတွေ တွေ့လာမယ်။
Work Differently
ဒီအလုပ်ကိုပဲ မတူညီတဲ့ပုံစံတွေနဲ့ လုပ်ကြည့်မယ်။ ဒါဆို ဘယ်ဟာ အလုပ် ဖြစ်တယ်။ မဖြစ်ဘူး ဆိုတာ သိမယ်။
Work Less or Work Smart
ကိုယ်လုပ်နေတဲ့ အလုပ်တွေမှာ ဘယ်အလုပ်တွေကို မလုပ်ဘဲ ချန်ထားလို့ ရမယ်။ ဘယ်အလုပ်တွေကိုတော့ တာဝန်လွှဲပြောင်း Delegate လုပ်ပေးလို့ ရမယ်။ ဘယ်အလုပ်တွေကိုတော့ အလိုအလျောက် Automate လုပ်ဆောင်သွားအောင် လုပ်ထားမယ်။
Let Others Work for You
အလုပ်မှာ ကိုယ် ဝင်ပါစရာ မလိုတော့ဘဲ လုပ်ငန်းလည်ပတ်နေအောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။
