You Can Learn Anything

ဘယ်သူ မှ မွေးကတည်းက တော် မနေ ၊ တတ် မနေပါဘူး။

မွေးပြီးတော့ ကျနော်တို့တွေ စကားမပြောတတ်ဘူး။ လမ်းမလျှောက်ဘူး။ စာ မရေးတတ်ဘူး။ ဘာမှ လုပ်တတ်တာ မဟုတ်ဘူး။

Albert Einstein အိုင်စတိုင်း တောင် ၁ ကနေ ၁၀ မရေတတ်တဲ့ အချိန်တွေ ရှိနေသေးတာပဲ။
William Shakespeare ရှိတ်စပီးယား ကလည်း ကျနော်တို့လိုပဲ အေ ဘီ စီ ကနေ စတင် သင်ယူရတာပဲ။

ကျနော်တို့တွေ သင်ယူနေရင်းနဲ့ စိတ်ရှုပ်တာတွေ အဆင်မပြေတာတွေ ခေါင်းခဲစရာတွေ အမှားတွေ သင်ခန်းစာတွေ ထိခိုက်နာကျင်တာတွေ ရရှိပြီး နောက်ဆုံးကျတော့ ကျနော်တို့တွေ သင်ယူ တတ်မြောက်ကြတာပါ။

မှား တာက တိုးတက်ခြင်း အတွက် ခြေလှမ်းတစ်ခုပါ။ ဆက်သွားပါ။ အဲ့ဒီကနေပဲ သင်ယူတတ်မြောက်ခြင်းတွေ ဖြစ်ပေါ်လာရတာပဲ။

Knowing that you’ll get it even if you haven’t gotten it yet.
Because the most beautiful, complex concepts in the whole universes are built on basic ideas that anyone can learn, anywhere can understand.
Whoever you are, wherever you are, You only have to know one thing:
You Can Learn Anything.

ကျနော်တို့တွေ မပြီးမြောက်သေးခင်မှာ ကျနော်တို့ ရအောင် လုပ်နိုင်တယ် ဆိုတာ ကိုယ့်ဘာသာကိုယ် ယုံကြည်မှုတွေ ရှိနေတယ်။

ဒါက ဘာလို့လဲ ဆိုတော့ နေရာတိုင်းမှာ ရှိတဲ့ ဘယ်သူမဆို သင်ယူ နားလည် တတ်မြောက်နိုင်စွမ်း ရှိတဲ့ အခြေခံ ကျတဲ့ စကြဝဠာ ရဲ့ သဘောတရား ဖြစ်တယ်။

ကျနော်တို့တွေ ဘယ်သူ ဖြစ်ဖြစ် ဘယ်နေရာမှာ ရှိနေ ရှိနေ ကျနော်တို့ တစ်ခု သိထားရမှာက
“ကျနော်တို့တွေ ဘယ်အရာကို မဆို သင်ယူနိုင်စွမ်း ရှိတယ်” ဆိုတာပါပဲ။