
YouTube ဆိုတာ ကျနော့်တို့ တော်တော်များများ ရဲ့ နေ့စဉ် ကြည့်ရှုဖြစ်နေတဲ့ Media Platform ထဲမှာ ပါဝင်နေတယ်။
Shortcut တွေကို အသုံးပြုပါက ပိုမို သက်တောင့်သက်သာ ဖြစ်စေပြီး အချိန်ကုန် သက်သာစေမှာပါ။ ချက်ချင်း လက်ငင်း မသိသာပေမယ့်လည်း ရေတစက်ချင်း က ပင်လယ်ဖြစ်သွားစေနိုင်သလို အချိန်၁စက္ကန့် မြောက်များစွာကလည်း အချိန်ပိုတွေ အများကြီး ပိုထွက်လာစေမှာပါ။

YouTube Shortcut Layout
? Question Mark ဖြစ်တဲ့ Shift + / တွဲရိုက်လိုက်ပါက Shortcut Layout ပေါ်ထွက်လာတာ ဖြစ်လို့ အခြားဟာ သတိမရတောင် ဒီ Shortcut လေးတော့ မှတ်ထားပါ။
Top 10 YouTube Shortcuts
- F – Full Screen စကရင် အပြည့် အဖွင့် အပိတ်
- i – Miniplayer အဖွင့် အပိတ်
- C – Caption စာတန်းထိုး အဖွင့် အပိတ်
- / – Search ရှာဖွေ
- < > – Playspeed အနှေး အမြန်
- ↑↓ – Volume အသံ အတိုးအကျယ်
- ←→ – 5စက္ကန့် နောက်ဆုတ် ရှေ့တိုး
- Ctrl + ←→ (or) j l – 10စက္ကန့် နောက်ဆုတ် ရှေ့တိုး
- Ctrl + ←→ – Chapter နောက်ဆုတ် ရှေ့တိုး
- 0-9 – အစ 0 မှသည် 10% to 90%