
There was an important job to be done, and
Ross Harkness
Everybody was sure that Somebody would do it.
Anybody could have done it, but nobody did it.
Somebody got angry about that because
it was everybody’s job.
Everybody thought that Anybody could do it, but
Nobody realized that Everybody wouldn’t do it.
It Ended up that Everybody blamed Somebody
when Nobody did what Anybody could have done.
See, when Ownership isn’t Clear, either nobody does it, or you do it,
or you have to micromanage to make sure that someone else does it.
အရေးကြီး အလုပ် တစ်ခု လုပ်ပြီးစီးဖို့ လိုအပ်တယ်။ လူတိုင်း က တစုံတယောက် က လုပ်ကြလိမ့်မယ် လို့ ထင်တယ်။
ဘယ်သူမဆို လုပ်လို့ ရပေမယ့် ဘယ်သူ ကမှ မလုပ်ကြဘူး။
တစုံတယောက် က လူတိုင်း အလုပ် ကို တယောက်ကမှ မလုပ်ကြလို့ စိတ်ဆိုး ဒေါသထွက်တယ်။
လူတိုင်း ထင်တာက ဘယ်သူမဆို လုပ်လို့ ရတာ ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒါကြောင့်ပဲ လူတိုင်း မလုပ်ကြတာကို ဘယ်သူ ကမှ မသိလိုက်ဘူး။
ဘယ်သူမဆို လုပ်လို့ ရတာ ကို ဘယ်သူ မှ မလုပ်လိုက်တာကို လူတိုင်း က တစုံတယောက် ကို အပြစ်တင်တယ်။
အလုပ် ကိစ္စ တိုင်းမှာ ဘယ်သူ လုပ်ဆိုပြီး တာဝန်ခံ မရှိရင် … ဘယ်သူ က မှ မလုပ်နိုင်ပါက သင် ကိုယ်တိုင် လုပ်ရပါလိမ့်မယ် … ဒါမှမဟုတ် သင်ကိုယ်တိုင် တစုံတယောက် ကို အသေးစိတ် တာဝန်လွှဲပေးဖို့ လိုအပ်ပါလိမ့်မယ်။
Ownership
အလုပ် ကိစ္စတိုင်း မှာ တာဝန်ခံ တယောက် သတ်မှတ်ထားရန် အလွန် အရေးကြီးပါတယ်။ တာဝန်ခံ တယောက်တည်း လုပ်ဖို့ တာဝန် ရှိတာ မဟုတ်ပါဘူး။ အခြားသူတွေ ရဲ့ အကူအညီ ကိုလည်း ရယူနိုင်ပါတယ်။ အဓိက က တာဝန်ခံ က ဦးဆောင် စီမံ ပြီးစီးအောင် တာဝန်ခံ တာဝန်ယူ တာဝန်သိ လုပ်ဆောင်ရပါမယ်။
