Acronyms & Acrostics

Acronym & Acrostics ကတော့ မှတ်မိစေဖို့ သုံးတဲ့ နည်းလမ်းကောင်းတွေပဲ။ သူတို့ ၂ ခု ဘာကွာလည်း ဆိုတော့ အစ စာလုံးတွေ စုစည်းထားတာ ဆိုရင် Acronym / Abbreviation အတိုကောက်။ စာပိုဒ် အနေနဲ့ ပြောပြီး အစ စာလုံးတွေ ကို ပြန်မှတ်တာ ဆိုရင်တော့ Acrostic. ဥပမာ နဲ့ ပြရင် ပိုရှင်းသွားပါလိမ့်မယ်။ အောက်မှာ သက်တံ့ရောင်စုံ အနီ ကနေ ခရမ်း အထိ အစဉ်လိုက် မှတ်တာကို ဥပမာ ပြပေးထားပါတယ်။

Rainbow သက်တံရောင်စုံ

Roy G. Biv

Acronym

လူ နာမည် ပုံစံမျိုး မှတ်တာပါ။ ROY က ပထမနာမည် First Name. အင်္ဂလိပ် မှာ အလယ်နာမည် Middle Name ကို သိပ်မဖော်ပြကြဘူး။ အတွင်းသိ လူတွေလောက်သာ သိကြတယ်။ ရေးရင်လည်း အပြည့်မရေးဘူး။ အစ စာလုံးကို အစက် ထည့်ပြီးပဲ ရေးတာ များတယ်။ BIV ကတော့ နောက်ဆုံး မျိုးရိုး နာမည် Last Name / Family Name.

Acronyms & Acrostics

Richard Of York Gave Battle In Vain
ROY Got Bored In Vegas
Running Over Yellow Grass Brings Insects Views

Acrostics

ဇာတ်ကြီးဆယ်ဘွဲ့
တေ ဇ သု နေ မ ဘူ စန် နာ ဝိ ဝေ

မှတ်မိစေဖို့ အခြား Mnemonics