Mr. Mrs. Ms. Miss

Mr. Mrs. Ms. Miss
📸 vocaberry

Mr. & Mrs.

Mr. & Mrs. Smith ဆိုပြီး လင်မယား ၂ ယောက် ကို တွဲရေးကြတာမျိုး။

Mrs. ဆို အိမ်ထောင်ရှင်မ Married Woman လို့ ပြောလို့ ရတယ်။

Mr. ဆိုပြီး သီးသန့် သုံးရင်တော့ လူပျို တယောက်တည်းသမား လည်း ဖြစ်နိုင်သလို အိမ်ထောင်ရှိ ယောကျ်ား လည်း ဖြစ်နိုင်တယ်။ လူကြီး ယောကျ်ား လို့ အဓိပ္ပါယ် ဖွင့်ရမယ်။

Miss

Miss ဆိုပြီး သုံးလိုက်ရင်တော့ အပျို / အိမ်ထောင်မရှိသူ ဖြစ်တာ သေချာလို့ သုံးတာပါ။

Ms.

အရွယ်ရောက် မိန်းမ … အိမ်ထောင် ရှိ/မရှိ မသေချာရင်တော့ Ms. လို့ပဲ သုံးရမှာပါ။

Mr. & Ms.

လူကြီး ဆိုရင်တော့ ယောကျ်ား မိန်းမ ခွဲပြီး Mr. & Ms. လို့ သုံးတာ ပိုကောင်းပါတယ်။ ကျနော်လည်း အဲ့လိုပဲ အရေးများ အသုံးများ ပါတယ်။

Mx

လိင် Sex မှာ ယောကျ်ား Male (M) မိန်းမ Female (F) မဟုတ်ဘဲ အခြား Unspecified / Indeterminate (X) ဆို ရင် သုံးပါတယ်။ ၂ ခု ပဲ ဆိုရင်တော့ ၂ ခု ထဲက ၁ ခု ရွေးရမှာပါ။

Sir/Madam

Email ပို့တဲ့ သူ ကို ဘယ်သူမှန်း မသိတဲ့ info@x.com လိုမျိုး ကို ပို့ရရင်တော့ အောက်ပါလိုမျိုး အသုံးပြုနိုင်ပါတယ်။

Dear,
Dear Sir/Madam,
To whom it may concern,

Lady & Gentleman

‌ယောကျ်ား နှင့် မိန်းမ (လူကြီး အားလုံး) ကို ပြောချင်ရင်တော့ Ladies & Gentlemen ဆိုပြီး သုံးကြပါတယ်။ Lady First အမျိုးသမီး ဦးစားပေးတော့ ထိပ်ဆုံးထား သုံးနှုန်းပါတယ်။