
ရုပ်ရှင်လောကမှာ Prequel နဲ့ Sequel ဆိုတာ ဇာတ်လမ်းရဲ့ အချိန်ကာလ စီးဆင်းပုံကို လိုက်ပြီး ခွဲခြားထားတဲ့ အဓိပ္ပာယ်တွေပါ။ ဒီ အခေါ်အဝေါ် မဖြစ်ခင် … မူရင်း ရုပ်ရှင် Original တွေ ထွက်ရှိရမည် ဖြစ်ပြီး အဲ့ရုပ်ရှင်ကား ၏ အတိတ်၊ ခေတ်ပြိုင်၊ ရှေ့ဆက် အနာဂတ် စတာတွေပေါ် မူတည်ပြီး အခေါ်အဝေါ်တွေ ကွဲသွားတာပါ။
Sequel
နောက်ဆက်တွဲ ဇာတ်လမ်း
ဒါကတော့ ကျွန်တော်တို့ အတွေ့အများဆုံး အမျိုးအစားပါ။ အောင်မြင်သွားတဲ့ မူရင်းရုပ်ရှင် တစ်ခုရဲ့ နောက်ပိုင်းမှာ ဘာဆက်ဖြစ်လဲ ဆိုတာ ကို ဆက်ရိုက်ပြတဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။
အချိန်ကာလ: မူရင်းဇာတ်လမ်းရဲ့ ရှေ့ဆက်/အနာဂတ် (Future) ကို သွားပါတယ်။
ဥပမာ:
Avatar (2009) အပြီးမှာ ထွက်လာတဲ့ Avatar: The Way of Water (2022)
Inside Out 1 ရဲ့ နောက်မှာ ဇာတ်ကောင်လေး ကြီးပြင်းလာတာကို ဆက်ပြတဲ့ Inside Out 2

Prequel
အစပျိုး ဇာတ်လမ်း
ဒါကတော့ ပြောင်းပြန်ပါ။ မူရင်းရုပ်ရှင်ထဲက အဖြစ်အပျက်တွေ မဖြစ်ခင် အတိတ်က ဘာတွေ ရှိခဲ့လဲ၊ ဒီဇာတ်ကောင်က ဘယ်လိုမျိုး စတင်ခဲ့တာလဲ ဆိုတဲ့ အရင်က အကြောင်းအရာတွေကို ပြန်ရိုက်ပြတာ ဖြစ်ပါတယ်။
အချိန်ကာလ: မူရင်းဇာတ်လမ်းရဲ့ အတိတ် (Past) ကို ပြန်သွားပါတယ်။
ဥပမာ:
Minions ရုပ်ရှင်တွေဟာ Despicable Me ထဲက Gru နဲ့ မတွေ့ခင် Minions လေးတွေရဲ့ အတိတ်အကြောင်းကို ရိုက်ပြထားလို့ Prequel ဖြစ်ပါတယ်။
Harry Potter မတိုင်ခင် နှစ်ပေါင်းများစွာက မှော်လောကအကြောင်းကို ရိုက်ပြတဲ့ Fantastic Beasts
Original vs Prequel
Spin-Off
ခေတ်ပြိုင်
မူရင်း ရုပ်ရှင် ထဲက အဓိက သရုပ်ဆောင် မဟုတ်တဲ့ အခြား သရုပ်ဆောင် ဘက် ခြမ်း က ဇာတ်လမ်း ဇာတ်ကွက် အနေနဲ့ ခေတ်ပြိုင် ပုံဖော် ထားတဲ့ ရုပ်ရှင်/ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
ဉပမာ – Better Call Saul ဇာတ်လမ်းတွဲ သည် Breaking Bad ဇာတ်လမ်းတွဲ ထဲက ရှေ့နေ Saul Goodman ကို တည်ပြီး ရိုက်ထားတာပါ။
