Eddie Jaku – The Happiest Man on Earth ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ် ကို ဗန်းမော်သိန်းဖေ က ဘာသာပြန် ထားသော စာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။
နိဒါန်း – ပန်းဆက်လမ်း
ဂျူးလူမျိုးဖြစ်သူ အယ်ဒီဂျေကူ (Eddie Jaku) ဟာ ငယ်စဉ်ကတည်းက သူ့ကိုယ်သူ ဂျာမန်လူမျိုးက ပထမ၊ ဂျူးလူမျိုးက ဒုတိယလို့ ခံယူထားခဲ့ပြီး သူ့အသက် ၁၈ နှစ်အရွယ်မှာ သူ့ဘဝ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ နာဇီစစ်သားတွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းခံရပြီး အလွန် ရက်စက်ကြမ်းကြုတ်တဲ့နာဇီအကျဉ်းစခန်းတွေကို အပို့ခံရပြီး အလွန်တရာဆိုးဝါးတဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း နောက်ဆုံးတော့ နာဇီအကျဉ်းစခန်းက ထွက်ပြေးရင်း အမေရိကန်စစ်တပ်ရဲ့ ကယ်တင်ခြင်းခံခဲ့ရပြီး အယ်ဒီဟာ ဘာကြောင့် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူလို့ ခံယူထားကြောင်းကို ဒီစာအုပ်ထဲမှာဖတ်ရှုရမှာဖြစ်ပါတယ်။
မှတ်သားစရာ စကားတွေ က ခေါင်းစဉ်စာသားတွေ
- လောကမှာ ပိုက်ဆံထက် အဖိုးတန်တာတွေ အများကြီး ရှိကြတယ်
- ပျော့ညံ့မှုဟာ မုန်းတီးခြင်းကို အားပေးတယ်
- ယနေ့ အသက်ရှင်ရင် မနက်ဖြန် ရှိလိမ့်မယ်
- ကြင်နာမှုကို နေရာတကာမှာ ရှာတွေ့နိုင်ပါတယ်။
လူစိမ်းတွေဆီမှာလည်း တွေ့နိုင်ပါတယ်။ - သူတို့ ကျွန်တော့် အဖေ နဲ့ အမေ ကို လုယူသွားကြတယ်
- သူငယ်ချင်းကောင်း တစ်ယောက်ဟာ ကျွန်တော်ရဲ့ ကမ္ဘာကြီးပါ
- ပညာ ဆိုတာ အသက်ကယ်ဆေး တစ်မျိုးပါ
- ကိုယ်ကျင့်တရား ပျောက်သွားရင် သေတာနဲ့ အတူတူပဲ
- လူ့ခန္ဓာကိုယ်ဟာ အကောင်းဆုံး စက်ပစ္စည်း ဖြစ်တယ်
- ဘဝ ရှိရင် မျှော်လင့်ချက် ရှိတယ်
မျှော်လင့်ချက် ရှိရင်လည်း ဘဝ ရှိပါတယ် - ကမ္ဘာကြီးဟာ ဒုက္ခသုက္ခတွေနဲ့ ကြုံတွေ့နေလည်း အံ့ဖွယ်သရဲတွေ ဆက်ရှိနေမှာပါ
- ချစ်ခြင်းမေတ္တာဟာ အကောင်းဆုံးဆေးပါ
- ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းကို ကူညီပံ့ပိုးပေးရမယ်
- ဝမ်းနည်းမှုဟာ ဝေမျှပေးရင် တစ်ဝက် သက်သာသွားတယ်
ပျော်ရွှင်မှုဟာ ဝေမျှပေးရင် နှစ်ဆ တိုးသွားတယ် - ကျွန်တော် လူတွေကို မျှဝေပေးနေတာ နာကျင်မှု မဟုတ်ဘူး
မျှော်လင့်ခြင်း ဖြစ်ပါတယ်

