
၁၉၄၅ ခုနှစ် ဧပြီ မှာ ဖွဲ့စည်းဖို့ စတင် လုပ်ဆောင်ခဲ့ပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ United Nations ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး စတင် ထူထောင်ခဲ့သည်။
စစချင်းမှာ အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံ ရှိပြီး ယခု အခါမှာတော့ ၁၉၃ နိုင်ငံ အထိတောင် တိုးပွားလာပြီ ဖြစ်ပါသည်။
UN သည် League of Nations (နိုင်ငံ ပေါင်းချုပ် အသင်းကြီး) ၏ နေရာ ကို အစားထိုး ဝင်ရောက် ပြီး နိုင်ငံ့ အရေး ကမ္ဘာ အရေး ကို ကော်မတီ ခြောက်ခု ဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
မူလ လက်ဟောင်း အလံ ကို ၁၉၄၅ ဧပြီလ ကတည်းက Donal McLaughlin ရေးဆွဲခဲ့သည်။ ယခု လက်ရှိ အသုံးပြုနေသည့် အလံ ကိုတော့ သူကပင် ဒီဇိုင်း ဆက်လက် ရေးဆွဲကာ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့ တွင် စတင်ပြောင်းလဲ သုံးစွဲခဲ့သည်။
အပြာရောင် နောက်ခံပေါ်တွင် အဖြူဖြင့် သင်္ကေတဖော် ရေးဆွဲထားခြင်း သည် United Nations ၏ တရားဝင် အမှတ်အသား ပင် ဖြစ်သည်။
အပြာရောင် ကို အနီရောင် (စစ်ပွဲ အရိပ်အယောင်) ၏ ဆန့်ကျင်ဘက် – ငြိမ်းချမ်းသော သဘော ဖြင့် ထည့်သွင်းထားသည်။
ကမ္ဘာနိုင်ငံ အားလုံး၊ လူသား အားလုံး ကို ကိုယ်စား ပြုသည့် အဖွဲ့အစည်း ဖြစ်သည် နှင့် အညီ၊ နိုင်ငံ အားလုံး ပါဝင်သော မြေပုံ ဖြစ်သည့် မြောက်ဝင်ရိုးစွန်း အပေါ်စီးမှ မြင်ရပုံ ကို သင်္ကေတ ဖော်ထားသည်။
ငြိမ်းချမ်းရေး သဘောဆောင်သည့် သံလွင်ခက် ဖြင့် ကမ္ဘာကြီး (သို့) လူသားအားလုံး ကို လွှမ်းခြုံထားသည်။
မူလ ပုံ ရှိ မြေပုံ သည် မြေနေရာ အများစုသည် ညာဘက်တွင် ရှိနေခြင်း ကို လက်ရှိ မြေပုံ တွင် ဘက်မျှသော သဘော ဆောင်စေရန် (ဘယ်ညာ မျှစေရန်) ဒီဂရီ ပြောင်းပြီး ရေးဆွဲထားသည့် သင်္ကေတ အဖြစ် ပြောင်းထားသည် ကို တွေ့ရပါမည်။ (မူလ လက်ဟောင်း အလံ)
United Nations (UN)
Organizations, Agencies, & Funds
- International Labour Organization (ILO)
- International Organization for Migration (IOM)
- Office of the United Nations High Commissioner for Refugees (UNHCR)
- Office of the United Nations High Commissioner for Human Rights (OHCHR)
- The World Bank
- Joint United Nations Programme on HIV/AIDS (UNAIDS)
- United Nations Children’s Fund (UNICEF)
- United Nations Development Group (UNDG)
- United Nations Development Programme (UNDP)
- United Nations Economic Commission for Europe (UNECE)
- United Nations Environment Programme (UNEP)
- United Nations Office for Project Services (UNOPS)
- United Nations Population Fund (UNFPA)
- UN Women
