110v vs 220v

Voltage ဗို့အား ပြင်းအား သည် တနိုင်ငံ နှင့် တနိုင်ငံ မတူညီကြပေ။ 110V vs. 220V ဆိုပြီး အကြမ်းဖျဉ်း ခွဲခြားထားပေမယ့်လည်း တကယ်တမ်းမှာတော့ 100V-127V & 220-240V အကြား ကွဲပြားမှု ရှိသည့်အပြင် 50Hz & 60Hz တွေကလည်း ဗို့ ၂ ခု စလုံးမှာ ကြိမ်နှုန်း ကွဲတာမျိုးလည်း ရှိနေပါသေးတယ်။

၁၁၀ ဗို့အား နည်းရင် ဓာတ်လိုက်ရင် သေဖို့ ရာခိုင်နှုန်း နည်းပါတယ်။ အဓိက အန္တရာယ် လျော့ချဖို့ ပါ။ လိုအပ်တဲ့ ပါဝါ Watt ထွက်ဖို့ လျှပ်စစ်အား အများကြီး လိုအပ်တဲ့ အပြင် အပူဒဏ် ခံနိုင်ရည် ရှိအောင် ကြေးနီကြိုး/လျှပ်စစ်ကြိုး ထူ/ကြီး ဖို့ လိုအပ်လို့ စရိတ်ကြီးပါတယ်။

၂၂၀ ဗို့အား ကျတော့ များတာမို့ အန္တရာယ် ၁၁၀ ဗို့အား ထက် ပိုများပါတယ်။ သူကျတော့ လျှပ်စစ်ဓာတ်အား ပိုခြွေတာမှု ရှိတဲ့ အပြင် လျှပ်စစ်ကြိုး သိပ်မထူလည်း အလုပ် ဖြစ်ပါတယ်။

မြန်မာ

မြန်မာနိုင်ငံ ကတော့ ၂၂၀ ဗို့အား အသုံးပြုတဲ့ နိုင်ငံ ပါ။ အတိအကျ ဆိုရင်တော့ 230V & 50Hz.

၁၁၀ ဗို့အား သုံး လျှပ်စစ်ပစ္စည်းတွေ ကို မြန်မာ မှာ တိုက်ရိုက် အသုံးပြုလို့ မရပါဘူး။ 110V to 220V Voltage Transformer ထရန်စဖော်မာ ကြားခံ တပ်ဆင်မှ သာ အသုံးပြုလို့ ရပါလိမ့်မယ်။

‌နောက်တခု ကတော့ နိုင်ငံခြား သွားရင်လည်း ၁၁၀ ဗို့အား သုံးတဲ့ နိုင်ငံ သွားရင်လည်း ကိုယ် သုံးတဲ့ လျှပ်စစ်ပစ္စည်း ဆိုရင် သေချာ ကြည့်ပြီးမှ အသုံးပြုစေချင်ပါတယ်။ ဘယ်နိုင်ငံ က ၁၁၀ ဗို့အား သုံးသလဲ ဆိုတာ ကိုတော့ ခေါင်းစဉ် သပ်သပ် နဲ့ ဖော်ပြပေးထားပါတယ်။

အခုခေတ် လျှပ်စစ်ပစ္စည်း တော်တော်များများ ကတော့ 100-240V ဆိုပြီး ဖြစ်လာကြပါပြီ။ ဒါတွေကတော့ ကမ္ဘာ ဘယ်နိုင်ငံမှာ မဆို ဘယ်ဗို့အား မဆို အသုံးပြုနိုင်လာပါပြီ။ ဒါကလည်း လူတိုင်း အဆင်ပြေအောင် တီထွင်နိုင်လာခြင်း ပါ။

110V သုံးတဲ့ နိုင်ငံများ

North America: USA, Canada, Mexico

Central America & Carribean: Panama, Costa Rica, Nicaragua, Honduras, Cuba, Haiti, Jamaica, and the Dominican Republic

South America: Parts of Brazil

Asia: Taiwan and Japan

Territories: Puerto Rico, Guam, American Samoa, and the U.S. Virgin Islands

📸 Wikipedia