Art of Making Money

Ali Abdaal က World of Warcraft ဂိမ်း ထဲက Maximum ပြောသွားတာနဲ့ ဉပမာပေး ရှင်းပြသွားပါတယ်။

ဂိမ်းထဲမှာ အတောင့်တင်းဆုံး ဂိုဏ်း “Team LIQUID” Guild ထဲက ဂိုဏ်သား တယောက်ချင်းဆီ ဟာ လွန်ခဲ့တဲ့ ၁၅-၂၀ နှစ်ကတည်းက တစ်နေ့ ၈-၁၂ နာရီ နီးပါး အချိန်ပေးပြီး ဒီဂိမ်း တစ်ခု ကို ကောင်းကောင်း ဆော့နိုင်အောင် အချိန်ပေး ကြိုးစား ဆော့ကစားကြတဲ့ ပရိုကစားသမားတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။

Top

Art of Making Money

Top 0.001% = Professional Players
Top 1%
Top 10%


The Art of Making Money
‌ငွေရှာခြင်း အနုပညာ

More Money Earned
‌ငွေ များများ ရှာနိုင်
=
More Time Spent
အချိန် များများ လေ့ကျင့်/ပေး

Ali Abdaal

လူတွေ က သူတို့ နိုင်လို့ ဆုဖလား ဆုကြေး ရသွားရင် အားကျတယ်။ သူတို့လို ဖြစ်ဖို့ ကြိုးစား အားထုတ်ရမယ် ဆိုရင်တော့ မလုပ်နိုင်ကြတော့ဘူး။ Skill & Talent တော့ အရေးပါတယ် ဆိုပေမယ့် ဒီနေရာမှာ ပြောချင်တာက ထိပ်ပိုင်း ထဲ ရောက်ဖို့ ကတော့ အချိန်ပေး ကြိုးစားအားထုတ်မှု လိုအပ်တယ် ဆိုတာပဲ။

‌ဘောလုံး မှာလည်း CR7 – Cristiano Ronaldo ကို အားကျ ကြတာပဲ။ သူလို ဖြစ်ချင်ကြတာချည်းပဲ။ သူလို နေထိုင် စားသောက် လေ့ကျင့်ဖို့ ဆိုရင်တော့ မလုပ်နိုင်ကြတော့ဘူး။ သူလို အောင်မြင်နိုင်ဖို့ နည်းလမ်း က လျို့ဝှက်ချက် မဟုတ်ဘူး။ လူတိုင်း နည်းလမ်း သိတယ်။ သူ့လို လိုက်မလုပ်နိုင်ကြဘူး။