Sign Language

Sign Language
လက်သင်္ကေတပြစကား

“အတားအဆီးတွေကို ကျော်ဖြတ်ပြီး…ပိုမိုနီးကပ်စွာ ချိတ်ဆက်ကြမယ်”

🤟✨ လက်ချောင်းလေးတွေကနေတစ်ဆင့် နှလုံးသားချင်းလွယ်ကူစွာ ဆက်သွယ်နိုင်ဖို့နဲ့၊ အားလုံးပါဝင်နိုင်တဲ့ ခွဲခြားမှုကင်းတဲ့ လူ့အဖွဲအစည်းတစ်ခုကို အတူတူဖန်တီးဖို့အတွက် … SFUx ကနေ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအနေနဲ့ အကြားအာရုံချိုယွင်းသူများအပေါ် လေးစားသမှုရှိစေရန်နဲ့ တစ်ဦးနဲ့တစ်ဦး ပိုမိုနီးကပ်စွာ ဆက်သွယ်နိုင်စေရန် ရည်ရွယ်ပြီး Sign Language (လက်သင်္ကေတပြစကား) သင်တန်းကို (လုံးဝ) အခမဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?

🔹 အခြေခံလက်သင်္ကေတ အက္ခရာများနဲ့ ဂဏန်းများ။

🔹 နေ့စဉ်သုံး စကားပြောဆိုဆက်သွယ်မှု ပုံစံများ။

🔹 အကြားအာရုံမသန်စွမ်းသူ/နားမကြားသူများ ရဲ့ ယဉ်ကျေးမှုနဲ့ သူတို့ကို လေးစားစွာ ဆက်ဆံနည်းများ။

🔹 ကိုယ်ချင်းစာတရားအခြေခံတဲ့ ဆက်သွယ်မှုစွမ်းရည်။

SFUx ရဲ့ “Sign Language” အတန်းလေးကို ပညာဒါနအနေနဲ့ ” အခမဲ့ ” သင်ကြားပေးသွားမှာဖြစ်လို့ စိတ်ပါဝင်စားတဲ့ မည်သူမဆို လေ့လာနိုင်ဖို့ SFUx Application ကို အခုပဲ download ဆွဲပြီး အကောင့်ဖွင့်လိုက်တော့နော်။

🌟စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ မေတ္တာတရားတွေကို ကိုယ့်ရဲ့ လက်ချောင်းလေးတွေကနေတစ်ဆင့် မျှဝေရင်း… နွေးထွေးတဲ့ အပြုံးတွေကို အတူတူ ဖန်တီးကြရအောင်။ 🌟

📲SFUx App Download လုပ်ရန်

https://sfux.strategyfirst.edu.mm/downloads

Sign Language

ဒီ အခြေခံ (၁၅) ခု လောက်တော့ တတ်အောင် လုပ်နိုင်ရင် ကောင်းတယ်။

အကောင်းဆုံး ကတော့ အပေါ်လင့်စ် ကနေ သင်တန်း တက်တာပဲ။