Mickey 17

Mickey 17

MICKEY 17 [2025] ကတော့ မင်းသား Robert Pattinson ဦးဆောင် သရုပ်ဆောင် ထားသော သိပ္ပံဇာတ်ကား Sci-Fi အမျိုးအစား ဖြစ်ပါတယ်။ Parasite ရုပ်ရှင်ကား နဲ့ Oscar အော်စကာဆု ရထားသော တောင်ကိုရီးယား ဒါရိုက်တာ Bong Joon Ho ရဲ့ ဖန်တီးထားသော လက်ရာ လည်း ဖြစ်ပါတယ်။

“He is Dying to Save Mankind” Tagline အတိုင်းပဲ လူသားမျိုးနွယ် အတွက် သေဘေး နဲ့ မိတ်ဆွေ ဖွဲ့ထားသလို ကြုံတွေ့ ပုံ ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Trailer

Expandable

Expandable ဆိုတဲ့ အစမ်းသပ်ခံ အောက်မှာ လက်မှတ်ထိုး သဘောတူတဲ့ နောက်မှာတော့ ဓာတ်ခွဲခန်း ထဲက ကြွက်လေး အဖြစ်သို့ Mickey ရောက်ရှိသွားပါလေတော့တယ်။​ သေသွားရင် Human Printer ကနေ ထုတ်လို့ ရတော့ အကြိမ်ကြိမ် အခါခါ အစမ်းသပ်ခံ အဖြစ် တစ်ခါ ထုတ်တိုင်း နံပါတ် တစ်ခု တက်နဲ့ Mickey 17 အဖြစ်သို့ ရောက်ရှိလာတယ်။

Multiples – The Restricted Law

Human Printer နဲ့ ကြိုက်သလောက် ထုတ်လို့ ရတော့ ပြဿနာတွေ လည်း ပေါ်ပေါက်လာတာကို ခပ်ပါးပါးလေး ပြထားတယ်။ ဒါကြောင့်မို့လို့ နောက်ပိုင်း တယောက် သေမှ အဲ့တယောက် ကို ပြန်ထုတ်ခွင့်ပြုတဲ့ ဥပဒေ ထုတ်ပြန်လိုက်တယ်။

Mickey 17 သေသွားတယ် လို့ ပြောတဲ့ မျက်မြင်သက်သေ ကြောင့် Mickey 18 ထုတ်လိုက်တယ်။​ Mickey 17 က မသေတော့ သူတို့ ၂ယောက် အသက်ရှင်ခြင်း က ဥပဒေ ချိုးဖောက်သလို ဖြစ်သွားတယ်။

Colonism, Alien, & Dictatorship

ကမ္ဘာ ဂြိုလ် ကနေ တခြား ဂြိုလ် မှာ Colony အခြေချ နေထိုင်ဖို့ ကြိုးစားရင်း တခြားဂြိုလ် က သက်ရှိအကောင်တွေ ကို ပြင်ပဂြိုလ်သား Alien လို့ ခေါ်နေတာ က မှားနေပါတယ်။ အဲ့ဂြိုလ် မှာ အဲ့အကောင်တွေ က အရင်ကတည်းက အခြေချ နေထိုင်နေကြတာပါ။ အမှန်ဆို သူတို့ အတွက် လူသားတွေ ကသာ Alien ဖြစ်နေတာပါ။

ခေါင်းဆောင် တယောက် အထိန်းအကွပ် မရှိ၊ စိတ်ထား မကောင်းရင်တော့ အာဏာရှင် Dictator ဆန် သွားတတ်တာ ကို ပါးပါးလေး ပြသွားပါတယ်။

Bluffing

ဖြီးသည် … လေကြီးလေကျယ် ပြောဆိုသည် … လို့ ပဲ ဘာသာပြန် ရပေမည်။

အကောင်တွေ အော်လိုက်ရင် မျက်လုံးတွေ ပြူးထွက် သေကုန်လိမ့်မယ် ဆိုသော ပြောစကား ကို ယုံကြည်သောကြောင့် လူသားတွေ ကို ကယ်တင်ရန် အတွက် အကောင်သား မသေဖို့ ကြိုးစားကယ်တင်ကြ။ နောက်ပိုင်းကျတော့မှ နားစည်ပေါက် ကန်းတာဆို တော်သေးတယ် ပြောမှ အမှန်က ဘာမှမဟုတ် … ဖြီးတာ …

လူသားတွေ ပဲ ဖြီးတတ်တာ​ … လိမ်တတ်တာ … လေကြီးလေကျယ် ပြောတတ်တာ ထင်တာ … သူတို့ အကောင်တွေလည်း ဖြီးတတ်တာပဲ။