
MJ DeMarco ရေးသားထားသော “The Millionaire Fastlane: Crack the Code to Wealth and Live Rich for a Lifetime” စာအုပ် က Personal Finance Book လူတိုင်း နှင့်ဆိုင်သော ငွေရေးကြေးရေး စာအုပ် တစ်အုပ် ဖြစ်တယ်။
လူတွေ အမှန်လို့ ထင်နေ ယုံကြည်နေကြတဲ့ အတွေးအမြင်တွေကို တခြားရှုထောင့်ကနေ ပြပေးလိုက်တယ်။
လမ်း (၃) လမ်း
Slowlane – နှေးတဲ့လမ်း – အလုပ်လုပ်၊ ပင်စင်ယူပြီး အနားယူ
Sidewalk – Side Hustle အလုပ်လုပ်နေရင်း တနိုင်တပိုင် စီးပွားရေး လုပ်
Fastlane – အမြန်လမ်း – Business စဖို့ လို
Business စီးပွားရေး လုပ်တယ် ဆိုတာ ဖောက်သည်တွေရဲ့ ပြဿနာတွေ ဖြေရှင်းပေးပြီး အမြတ်ငွေ ရှာတာ။
Commitments of CENTS
C – Control ထိန်းချုပ်နိုင်စွမ်း ရှိ မရှိ
E – Entry လုပ်ငန်းအသစ် ဝင်ရောက်လုပ်ကိုင်နိုင်မှု အခြေအနေ
N – Need ဈေးကွက် လိုအပ်ချက် ရှိ မရှိ
T – Time အချိန်
S – Scale ချဲ့ထွင်နိုင်မှု
1. Avoid the Slowlane
Get Rich Quick >> Not “Get Rich Easy” >> Scam
Slowlane have (1) Safety Trap (2) Time for Money Trap (3) Belief Trap
2. Work the Process
Wealth is not the Event. လူတွေက လုပ်နေရတဲ့ Process လုပ်ငန်းစဉ်တွေ ကို သတိမထားမိ မပြောဆိုကြ။ သူတို့ အားကျတဲ့ ဖြစ်စဉ် Event လေး တစ်ခုပဲ ကွက်ကြည့်ကြ။
3. Build Money Trees
ရွှေပင်ငွေပင် လို့ Money trees ကို ဘာသာပြန် ရမယ် ထင်တယ်။ ဆိုလိုချင်တာက သူ့ဘာသာသူ လည်ပတ်ပြီး ငွေရှာပေးနေတဲ့ စီးပွားရေး လုပ်ငန်း ကို ဆိုလိုတာပါ။ သူတို့ကို အချိန် တခု အတိုင်းအတာ လည်ပတ်အောင် စနစ် တည်ဆောက်ပေးဖို့ ပဲ လိုအပ်တာပါ။
4. Consumer to Producer
လူတွေ အများစု က ဆင်းရဲတဲ့ လူတန်းစား သို့မဟုတ် လူလတ်တန်းစား ထဲမှာပဲ ရှင်သန် ရုန်းကန်နေကြတာ ဘာလို့လဲ ဆိုတော့ လူအများစု က လူအနည်းငယ် ထုတ်လုပ်တာကိုပဲ စားသုံး သုံးစွဲ နေကြတာ များလို့ပဲ။
ဒါကြောင့် ချမ်းသာဖို့ ဆိုရင် သုံးစွဲတဲ့ အတွေးအခေါ် ကနေ ထုတ်လုပ်ဖို့ အတွေးအခေါ် ရှိဖို့ မြင်ဖို့ လုပ်ဖို့ ကိုင်ဖို့ လိုအပ်တယ်။
5. Commitment vs Interest
Hard Work မရှိဘဲ အောင်မြင်မှု မရနိုင်ဘူး။ Hart Work တိုင်း Suffering ဝဋ်ခံစားနေရတာ မဟုတ်ဘူး။ ပျော်ပျော် Fun နဲ့ လုပ်လို့လည်း ရပါတယ်။
ပျော်ပျော် နဲ့ အေးဆေး ဘဝ ကို ဖြတ်သန်းချင်တဲ့သူတွေ ရှိလည်း အေးဆေးပါ။ ကိုယ့်သဘော အတိုင်းပါ။ ချမ်းသာချင်တဲ့သူ ချမ်းသာမှုကို တည်ဆောက်ချင်တဲ့သူတွေ ကတော့ အေးဆေးနေဖို့ အချိန် သိပ်မပေးနိုင်ပါဘူး။
Dr. Phyo Paing
မဖတ်ဖြစ်ရင် နောင်တရနိုင်တဲ့ မီလီယံနာအမြန်လမ်း
The LAW of EFFECTION
To make millions,
you have to impact millions.
ငွေ သန်းပေါင်းများစွာ ရှာနိုင်ဖို့ …
သန်းပေါင်းများစွာသော လူတွေ အပေါ် သက်ရောက်မှု ရှိရမယ်။
