အောက်ဆီဂျင် Oxygen ဆိုတာ တခု ထဲ ဆိုရင်တော့ အက်တမ် … ၂ခု ဆိုရင်တော့ အောက်ဆီဂျင် ဓာတ်ငွေ့ … ၃ခု ဆိုရင်တော့ အိုဇုန်း Ozone ဖြစ်သွားပြီ။
လေထဲရှိ ဓာတ်ငွေ့ ရာခိုင်နှုန်း

| Sr. | Gas | % |
|---|---|---|
| 1 | Nitrogen နိုက်ထရိုဂျင် | 78 % |
| 2 | Oxygen အောက်ဆီဂျင် | 20.9 % |
| 3 | Argon အာဂွန် | 0.9 % |
| 4 | Carbon Dioxide ကာဗွန်ဒိုင်အောက်ဆိုဒ် | 0.03 % |
| 5 | Other Gases အခြား ဓာတ်ငွေ့များ | 0.17 % |
လူခန္ဓာကိုယ် အဆုတ် လေရှုသွင်း ရှုထုတ် ဓာတ်ငွေ့ ရာခိုင်နှုန်း

အောက်ဆီဂျင် ရှုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ရှုထုတ်တယ် ဆိုတာပဲ သိတာ များတယ်။ လေပဲ ရှုတာ ဖြစ်တဲ့အတွက် လေထဲက ရာခိုင်နှုန်း အတိုင်းပဲ ဖြစ်ပြီး ရှုထုတ်လိုက်တဲ့ အချိန်မှာတော့ အောက်ဆီဂျင် ရာခိုင်နှုန်း ၂၁ ကနေ ၁၆.၆ ထိ လျော့သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့သွားသလောက် ရာခိုင်နှုန်း အတိုင်း ပိုထုတ်လွှတ်ပါတယ်။
အဆုတ်ရောဂါ တချို့ မှာတော့ အလုပ်လုပ်နိုင်တဲ့ အဆုတ် အစိတ်အပိုင်း ကန့်သတ်ချက်တွေ ကြောင့် အောက်ဆီဂျင် ရာခိုင်နှုန်း များများ ပါတဲ့ လေ ကို ရှုဖို့ လိုအပ်တာမျိုးတွေ ရှိပါတယ်။
1. Oxygen Concentrator အောက်ဆီဂျင် ပေးစက်
2. Oxygen Cylinder အောက်ဆီဂျင် ဆလင်ဒါအိုး
3. Medical Oxygen Gas via Pipeline ဆေးရုံ ရှိ အောက်ဆီဂျင် ပိုက်လိုင်း
